VLCA Onsite at Sincere Season (Myanmar) Garment Co., Ltd
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ အင်္ဂါနေ့တွင် မြစိမ်းရောင်စက်မှုဇုန်ရှိ Sincere Season (Myanmar) Garment Co., Ltd. စက်ရုံသို့ VLCA Online သွားရောက်စစ်ဆေးခဲ့ပါသည်။ ၂၀၂၅ ခုနှစ်က MGMA VLCA ရဲ့ Best of Full Compliance ဆုကို ရရှိခဲ့ဖူးသော စက်ရုံဖြစ်သည်။ စက်ရုံ၏ နေ့တွက်ခ အခကြေးငွေနှုန်းထားမှာ ၁၂၀၀၀ ကျပ်ဖြစ်ပြီး အခြားစက်ရုံများနှင့်ယှဥ်လျှင် အမြင့်ဆုံးနှုန်းထားဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် တို့ကိုလည်း တည်ဆဲအလုပ်သမား ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသည်ကို တွေ့ရသည်။
ယင်းစက်ရုံသည် သင်္ကြန်ပိတ်ရက်မတိုင်မီက social media တွင် သတင်းတက်ထားသော စက်ရုံဖြစ်သည်။ အောချုပ် (အောစူပါအချုပ်) ၏ ဆဲဆိုအော်ဟစ်ခြင်း၊ မိခင်အသက်ကယ်ဆေးထိုးထားရသော အလုပ်သမားအား ခွင့်မပေးခြင်း စသည့် ကိစ္စများကို ဖော်ပြထားသည်။ သွားရောက်စစ်ဆေးရာတွင် အလုပ်သမား အင်တာဗျူးများလည်း ဆောင်ရွက်ခဲ့ရာ သတင်းတွင် ဖော်ပြခဲ့ရသူ ကာယကံရှင်အလုပ်သမားကိုယ်တိုင်က "အဲ့သည့်တုန်း ကျမအမေ ကျန်းမာရေးကိစ္စဖြစ်တာ ဟုတ်ပါတယ်။ အဲ့တုန်းက ခွင့်ရခဲ့ပါတယ်။ လွယ်လွယ်ကူကူပါပဲ။" ဟု ပြန်လည်ဖြေဆိုခဲ့သည်။

This is your post and you want to edit or delete it: