← Back . Home / read

လက်တွေ့အသုံးချအလုပ်သမားဥပဒေနှင့် VLCA & MGMAemp ရေးရာကိစ္စများ ဆွေးနွေးခြင်း အခမ်းအနားကျင်းပ ပြီးစီးခြင်း

📢 လက်တွေ့အသုံးချအလုပ်သမားဥပဒေ ဆွေးနွေးခြင်း အစီအစဉ် ကျင်းပပြီးစီး LLAT LLAT LLAT

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် လှိုင်သာယာစက်မှုဇုန် (၁,၂,၃,၄,၆,၇)၌ Labour Law Awareness, VLCA & MGMAemp အစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစီအစဉ်ကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံးအတွက် အလုပ်သမားဥပဒေများကို နားလည်သဘောပေါက်ကာ လိုက်နာဆောင်ရွက်ခြင်း၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ **မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်း ** မှ Labour Law Awareness ခေါင်းစဉ်ဖြင့် အလုပ်မှနုတ်ထွက်ခြင်း၊ အလုပ်မှရပ်စဲခြင်းနှင့် အလုပ်မှထုတ်ပယ်ခြင်းဆိုင်ရာ ဥပဒေပါ လုပ်ငန်းစဉ်များ၊ လိုက်နာရမည့် အချက်အလက်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ Senior Labour Officer ဦးမင်းစိုးဟန် မှ အလုပ်သမားဥပဒေနှင့် သက်ဆိုင်သော သိကောင်းစရာများ၊ လက်တွေ့လုပ်ငန်းခွင်တွင် သိရှိလိုက်နာသင့်သည့် အချက်များအပြင် VLCA & MGMAemp ၏ ဆောင်ရွက်လျက်ရှိသော အစီအစဉ်များကို မိတ်ဆက်တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးခွန်းများကိုလည်း အပြန်အလှန် ဆွေးနွေးဖြေကြားခဲ့ပါသည်။

ယခုကဲ့သို့ လက်တွေ့အသုံးချအလုပ်သမားဥပဒေဆွေးနွေးပွဲ အစီအစဉ်များသည် အလုပ်သမားဥပဒေဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမားကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုသည့် အစီအစဉ်ကောင်းတစ်ရပ် ဖြစ်ပါသည်။

Loading Comments...

This is your post and you want to edit or delete it: