Compliance and Audit Preparation Training Batch 1 (2026)
Compliance and Audit Preparation Training Batch-1 (2026) Successfully Completed

Compliance and Audit Preparation Training Batch 1 (2026) ကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။


ဤသင်တန်းသည် Compliance နှင့် Audit ဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးရန်၊ စက်ရုံနှင့် လုပ်ငန်းခွင်များတွင် လိုက်နာဆောင်ရွက်ရမည့် စံချိန်စံညွှန်းများကို နားလည်သဘောပေါက်စေရန်နှင့် စနစ်တကျ ပြင်ဆင်နိုင်စေရန် ရည်ရွယ်၍ စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
သင်တန်းကာလအတွင်း တက်ရောက်သူများသည် Social Compliance Requirements များ၊ Occupational Safety and Health (OSH)၊ Labor Standards၊ Documentation and Record Keeping၊ Internal Audit Preparation နှင့် Corrective Action Implementation စသည့် အရေးကြီးသော ခေါင်းစဉ်များကို လေ့လာဆွေးနွေးခဲ့ကြပါသည်။
သင်တန်းပြီးဆုံးပြီးနောက် တက်ရောက်သူများအနေဖြင့် Compliance Management စနစ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း၊ Audit Process များအတွက် ယုံကြည်မှုရှိစွာ ပြင်ဆင်နိုင်ခြင်းနှင့် လုပ်ငန်းခွင်၏ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။
သင်တန်းတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးပေးခဲ့ကြသော သင်တန်းသားများအားလုံးနှင့် အစီအစဉ်အောင်မြင်စွာ ကျင်းပနိုင်ရန် ပံ့ပိုးကူညီပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
This is your post and you want to edit or delete it: